ဖိ​လိပ္ပိ 2:16-23 Judson Bible (BJB)

16. မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည်။

17. ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။

18. ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။

19. သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှါ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။

20. အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူ သော သူတယောက်မျှ ငါတို့၌မရှိ။

21. လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။

22. သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။

23. ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိ သောအခါ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်းစေလွှတ်မည် ဟု ကြံစည်မြော်လင့်လျက် ငါနေ၏။

ဖိ​လိပ္ပိ 2