နေ​ဟ​မိ 8:4-7 Judson Bible (BJB)

4. သူတို့လုပ်ကြသော တရားဟောရာသစ်သားပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည်ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌၎င်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည်လက်ဝဲဘက်၌၎င်း ရပ်နေကြ၏။

5. ထိုသို့ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။

6. ဧဇရသည် မြတ်စွာဘုရားသခင်ထာဝရဘုရားကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။

7. ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကိုပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌နေကြ၏။

နေ​ဟ​မိ 8