နေ​ဟ​မိ 3:8-27 Judson Bible (BJB)

8. သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမားဩဇေလ၊ သူ့နောက်မှ၊ ဆေးသမားဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့စေကြ၏။

9. သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖာယပြင်၏။

10. သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက်၌ပြင်၏။ သူ့နောက်မှ၊ ဟာရှဗနိသား ဟတ္တုတ်ပြင်၏။

11. ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သားမာလခိယနှင့်၊ ပါဟတ်မောဘသားဟာရှုတ် တို့သည် ပြင်ကြ၏။

12. သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။

13. ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။

14. ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သားမာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ်ထား၏။

15. မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇသား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည်၏။

16. သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကိုအုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချၖိုင်းတဘက်တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်းအိမ်တိုင်အောင် ပြင်၏။

17. သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင်၏။ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိသည် မိမိတာကိုပြင်၏။

18. သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင်၏။

19. သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရသည်၊ လက်နက်စုံတိုက်သို့တက်ရာ တဘက်တချက်၊ မြို့ထောင့်ထိအောင် ပြင်၏။

20. သူ့နောက်မှ၊ ဇဗ္ဗဲသားဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။

21. သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ်သည်၊ ဧလျာရှိပ်အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင်၏။

22. သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။

23. သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက်၌ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သားအာဇရိသည် မိမိအိမ် တဘက်တချက်၌ ပြင်၏။

24. သူ့နောက်မှ၊ ဟေနဒဒ်သားဗိနွိသည်၊ အာဇရိ အိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင်ပြင်၏။

25. ဥဇဲသားပါလလသည် မြို့ရိုးကွေ့ရာတဘက် တချက်ကို၎င်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာ ရှိသော ပြအိုးကို၎င်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။

26. ထိုမှတပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တဘက်တချက်၌၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက်သော ပြအိုးကို၎င်း ပြင်ကြ၏။

27. သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။

နေ​ဟ​မိ 3