နေ​ဟ​မိ 3:29-32 Judson Bible (BJB)

29. သူတို့နောက်မှ၊ ဣမေရသားဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနိသား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။

30. သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသားမေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက်၌ ပြင်၏။

31. သူ့နောက်မှ၊ ပန်းတိမ်သမားသားမာလခိသည် မိဖကဒ်တံခါး တဘက်တချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာအရပ်တိုင်အောင်၎င်း၊ မြို့ထောင့်တက်ရာအရပ်တိုင်အောင်၎င်းပြင်၏။

32. မြို့ထောင့်တက်ရာအရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များတို့သည်ပြင်ကြ၏။

နေ​ဟ​မိ 3