8. ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာအိမ်ဘို့၎င်း၊ သစ်ကိုပေးရမည် အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့်တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။
9. ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကိုပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့်အတူ စေလွှတ်တော်မူသတည်း။
10. ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစုခြင်းငှါ၊ လူတယောက် လာကြောင်းကို၊ ဟောရနိလူသမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။
11. ငါသည်လည်း၊ ယေရုရှလင်မြို့သို့ရောက်၍ သုံးရက်နေပြီးမှ၊