8. လေဝိသားမူကား ယောရှု၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကို တို့နှင့်အတူ အုပ်သော မဿနိတည်း။
9. သူတို့ညီအစ်ကို ဗာကဗုကိနှင့် ဥနိတို့သည် ကင်းစောင့်အမှုကို အုပ်ရကြ၏။
10. ယောရှုသား ယောယကိမ်၊ ယောယကိမ်သား ဧလျာရှိပ်၊ ဧလျာရှိပ်သား ယောယဒ၊
11. ယောယဒသား ယောနသန်၊ ယောနသန်သား ယာဒွါတည်း။
12. ယောယကိန် လက်ထက်၌ အဆွေအမျိုးသူကြီး ယဇ်ပုရောဟိတ် များဟူမူကား၊ စရာယသား မေရာယ၊ ယေရမိသား ဟာနနိ၊
13. ဧဇရသား မေရှုလံ၊ အာမရိသား ယောဟနန်၊
14. မလ္လုတ်သားယောနသန်၊ ရှေခနိသားယောသပ်၊
15. ဟာရိမသား အာဒန၊ မေရာယုတ်သားဟေလကဲ၊
16. ဣဒေါသား ဇာခရိ၊ ဂိန္နေသုန်သား မေရှုလံ၊
17. အဘိယသား ဇိခရိ၊ မိညာမိန်သား၊ မာဒျာသားပိလတဲ၊
18. ဗိလဂသား ရှမွာ၊ ရှေမာယသား ယေဟောနသန်၊
19. ယောယရိပ်သား မတ္တေနဲ၊ ယေဒါယသားဩဇိ၊
20. သလ္လုသား ကာလဲ၊ အာမောက်သားဧဗာ၊
21. ဟိလခိသား ဟာရှဘိ၊ ယေဒါယသား နာသနေလတည်း။
22. ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့ လက်ထက်၌ လေဝိသား အဆွေအမျိုးသူကြီးတို့ကို၎င်း၊ ပေရလိမင်းဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ်တို့ကို၎င်း၊ မှတ်သားသော စာရင်းရှိ၏။