နေ​ဟ​မိ 12:15-24 Judson Bible (BJB)

15. ဟာရိမသား အာဒန၊ မေရာယုတ်သားဟေလကဲ၊

16. ဣဒေါသား ဇာခရိ၊ ဂိန္နေသုန်သား မေရှုလံ၊

17. အဘိယသား ဇိခရိ၊ မိညာမိန်သား၊ မာဒျာသားပိလတဲ၊

18. ဗိလဂသား ရှမွာ၊ ရှေမာယသား ယေဟောနသန်၊

19. ယောယရိပ်သား မတ္တေနဲ၊ ယေဒါယသားဩဇိ၊

20. သလ္လုသား ကာလဲ၊ အာမောက်သားဧဗာ၊

21. ဟိလခိသား ဟာရှဘိ၊ ယေဒါယသား နာသနေလတည်း။

22. ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့ လက်ထက်၌ လေဝိသား အဆွေအမျိုးသူကြီးတို့ကို၎င်း၊ ပေရလိမင်းဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ်တို့ကို၎င်း၊ မှတ်သားသော စာရင်းရှိ၏။

23. ဧလျာရှိပ်သား ယောဟနန်လက်ထက် တိုင်အောင် လေဝိသား အဆွေအမျိုးသူကြီးတို့ကို စာရင်းယူ၍ ရာဇဝင်မှတ်စာ၌ သွင်းသတည်း။

24. လေဝိသားအကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏ လူဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူးတော်ကို ဘော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။

နေ​ဟ​မိ 12