21. ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။
22. မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက်သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည်လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။
23. အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။
24. ယုဒအမျိုး ဇာရအနွယ်မေရှဇဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
25. ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်းဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ်ဇေလမြို့ရွာ၊
26. ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊
27. ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊
28. ဇိကလတ်၊ မေကောနမြို့ရွာများ၊
29. အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊
30. ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘ မြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။