1. ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တကျိပ်တွင် တယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ၏။
2. ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
3. ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန့်၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
4. ယုဒအမျိုး၊ ဖာရက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှ ဆင်းသက်သော အသာယတပါး၊
5. ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ၊
6. ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း။
7. ဗင်္ယာမိန်အမျိုး၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8. သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း။
9. ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ်ဖြစ်၏။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ၏။
10. ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
11. အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာယ အစရှိသော၊
12. အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော၊
13. အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊
14. ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ၏။
15. လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊