နာ​ဟုံ 3:7-9 Judson Bible (BJB)

7. သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက်၊ သင့်ထံမှပြေးကြလိမ့်မည်။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။

8. သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ် သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ်သတည်း။

9. အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်သည် သူ၏ လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။

နာ​ဟုံ 3