1. ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့်လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ်အား ယူလော့။
2. အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။
3. သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။