ဒံ​ယေ​လ 4:12-14 Judson Bible (BJB)

12. အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနေကြ၏။

13. အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန် လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊

14. သစ်ပင်ကိုလှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ။

ဒံ​ယေ​လ 4