4. ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက် ကြ၏။
5. ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ် မက်နှင့်အနက်ကို သင်တို့မဘော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက် ချေးပုံဖြစ်စေမည်။
6. အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင်၊ ဆုလပ် သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ၏။