ဒံ​ယေ​လ 2:25-29 Judson Bible (BJB)

25. ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။

26. ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဘော်ပြနိုင်သလောဟု၊ ဗေလတရှာ ဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊

27. ဒံယေလက၊ အရှင်မင်းကြီးမေးမြန်းတော်မူ သောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာ ဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှါ မတတ်နိုင်ကြပါ။

28. နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။

29. အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာ တို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော် မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရား သည် နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ၏။

ဒံ​ယေ​လ 2