ဒံ​ယေ​လ 12:1-3 Judson Bible (BJB)

1. ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်။

2. ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက် ရှင်ခြင်းနှင့်၎င်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရ အသရေပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။

3. ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။

ဒံ​ယေ​လ 12