12. ထိုအလုံး အရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်သောင်းမက များစွာသော လူတို့ကို လုပ်ကြံ သော်လည်း၊ မိမိအာဏာကို မတည်စေရ။
13. အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။
14. ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြု သောသူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်း ဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်း ငှါ ထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
15. မြောက်ရှင်ဘုရင်သည် လာ၍ မြို့ရိုးကို တည် ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါး ခွန်အားမရှိသောကြောင့် မဆီးတားရ ကြ။