2. ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။
3. အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု။
4. ပဌမလနှစ်ဆယ် လေးရက်နေ့၌ငါသည် ဟိဒ ကေလ မြစ်ကြီးအနားမှာရှိစဉ်၊
5. မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင်၏။
6. သူ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ၏။
7. ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ၏။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။