ဒေသနာကျမ်း။ 2:17-20 Judson Bible (BJB)

17. ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။

18. ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။

19. ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေသမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။

20. ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။

ဒေသနာကျမ်း။ 2