ဖာရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။