11. ဝိဇ္ဇာဆရာတို့သည်အနာဆိုးကြောင့်၊ မောရှေရှေ့၌မရပ်မနေနိုင်။ ထိုအနာဆိုးသည်ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်းစွဲသတည်း။
12. ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအားမိန့်တော်မူသည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲနေလေ၏။
13. တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။
14. သို့မဟုတ် ယခုကာလအခါသင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူမရှိကြောင်းကို သင်သည်သိရလိမ့်မည်။
15. ငါ့လက်ကိုငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်းမြေကြီးပေါ်က သုတ်သင်ပယ်ရှင်းမည်။