3. မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည်သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာပေါ်၌၎င်း၊ သင်၏ကျွန်တို့အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သောခွက်၌၎င်း တက်ကြလိမ့်မည်။
4. သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူသည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
5. တဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကိုကိုင်လျက်၊ လက်ကိုဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကိုတက်စေ ခြင်းငှါပြောလော့ဟု မိန့်တော်မူ၏။
6. အာရုန်သည် အဲဂုတ္တုပြည်၌ရှိသောရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တက်၍ အဲဂုတ္တုပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ၏။
7. ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ဆောင်ကြ၏။
8. ထိုအခါဖာရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ထံမှပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။