ထွက်​မြောက် 7:3-13 Judson Bible (BJB)

3. ငါသည်လည်း ဖာရောမင်း၏နှလုံးကိုခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကိုများပြားစေမည်။

4. သို့သော်လည်း ဖာရောမင်းသည်သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက်ကိုအဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။

5. ထိုသို့အဲဂုတ္တုပြည်အပေါ်မှာငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည်သိကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။

6. မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းပြုကြ၏။

7. ဖာရောဘုရင်ထံ၌လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။

8. တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အားမိန့်တော်မူသည်ကား၊

9. ဖာရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသောတန်ခိုးကိုပြလော့ဟုဆိုလျှင်၊ သင်၏လှံတံကိုယူ၍ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

10. မောရှနှင့်အာရုန်သည် ဖာရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖာရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာလှံတံကိုချ၍ မြွေဖြစ်လေ၏။

11. ထိုအခါဖာရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာတို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍၊

12. မိမိတို့ကိုင်သောလှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏လှံတံများကို မျိုလေ၏။

13. ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည်နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။

ထွက်​မြောက် 7