ထွက်​မြောက် 7:1-3 Judson Bible (BJB)

1. ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖာရောဘုရင်၏ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကိုအာရုန်သည်၊ သင်၏ပရောဖက်ဖြစ်ရလိမ့်မည်။

2. ငါမိန့်တော်မူသမျှတို့ကို သင်သည်ပြန်ပြောရမည်။ ဖာရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။

3. ငါသည်လည်း ဖာရောမင်း၏နှလုံးကိုခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကိုများပြားစေမည်။

ထွက်​မြောက် 7