ထွက်​မြောက် 4:8-10 Judson Bible (BJB)

8. ထိုသူတို့သည်သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သောနိမိတ်သက်သေကို ယုံကြလိမ့်မည်။

9. သို့မဟုတ် ထိုနိမိတ်နှစ်ပါးကိုမယုံ၊ သင်၏စကားကိုနားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကိုယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲကယူသောရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

10. မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည်နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင်မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။

ထွက်​မြောက် 4