10. ထိုရင်ဖုံး၌ကျောက်မြတ်ကို လေးတန်းစီလေ၏။ ပဌမအတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။
11. ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။
12. တတိယအတန်းကား ဝှါကိန္သု၊ မဟူရာ၊ ဂေါမိတ်။
13. စတုတ္ထအတန်းကားမျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီလေ၏။
14. ဣသရေလအမျိုးတဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကိုတင်လျက် ကျောက်တလုံးလျှင် နာမည်တပါးစီပါ၏။