ထွက်​မြောက် 39:1-5 Judson Bible (BJB)

1. သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကို၎င်း၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။

2. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ်သင်တိုင်းကို လုပ်ရာတွင်၊

3. ရွှေကိုအပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာအပြောက်ထိုးလေ၏။

4. သိုင်းကြိုးနှစ်ပင်ကိုလုပ်၍ သင်တိုင်းအပေါ်နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကိုဆွဲချုပ်လေ၏။

5. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။

15-18. ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်း ကျစ်သောရွှေကြိုးနှစ်ပင်ကို၎င်းလုပ်ပြီးမှ၊ ထိုရွှေကွင်း၌တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌တွဲလေ၏။

ထွက်​မြောက် 39