10. ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကိုငွေဖြင့်ပြီးစေ၏။
11. ထိုနည်းတူ မြောက်ဘက်၌ကာရန် အလျားအတောင်တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။
12. အနောက်ဘက်၌ကာရန် အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိ၏။
13. အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။