ထွက်​မြောက် 38:26-29 Judson Bible (BJB)

26. အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူစာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီပေးရကြ၏။

27. ခြေစွပ်တခု၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်းကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တရာကို သွန်းလေ၏။

28. ကျန်သောငွေအခွက်တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကိုလုပ်၍ တိုင်ထိပ်များကိုမွမ်းမံလေ၏။

29. လှူသောကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း။

ထွက်​မြောက် 38