ထွက်​မြောက် 37:15-17 Judson Bible (BJB)

15. စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံလေ၏။

16. စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။

17. မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသောအလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။

ထွက်​မြောက် 37