ထွက်​မြောက် 36:6-8 Judson Bible (BJB)

6. မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့်ဟုစီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။

7. ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကိုပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။

8. သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။

ထွက်​မြောက် 36