ထွက်​မြောက် 36:20-27 Judson Bible (BJB)

20. တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။

21. ပျဉ်ပြားသည်အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။

22. ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။

23. တဲတော်တောင်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊

24. ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ်လေးဆယ်ကိုလုပ်လေ၏။

25. ထိုအတူ တဲတော်မြောက်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊

26. ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီလုပ်လေ၏။

27. တဲတော်အနောက်ဘက်၌ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊

ထွက်​မြောက် 36