ထွက်​မြောက် 35:26-30 Judson Bible (BJB)

26. မိမိဥာဏ်နှိုးဆော်သောမိန်းမအပေါင်းတို့သည် ဆိတ်မွေးကိုရက်ကြ၏။

27. သူကြီးတို့သည်လည်း၊ ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်ကို၎င်း၊

28. မီးထွန်းစရာဘို့ လိမ်းရန်ဆီဘော်ဘို့ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို၎င်းဆောင်ခဲ့ကြ၏။

29. ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့်မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည်၊ ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူကြ၏။

30. တဖန်မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကိုအမည်ဖြင့် ခန့်ထားတော်မူပြီ။

ထွက်​မြောက် 35