ထွက်​မြောက် 34:25-34 Judson Bible (BJB)

25. ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့်ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင်မကြွင်းစေရ။

26. သင်၏မြေ၌အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ထဲသို့ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။

27. ဤစကားများကိုရေးထားလော့။ ဤစကားများလာသည်အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအားမိန့်တော်မူ၏။

28. ထိုအရပ်မှာ မောရှေသည် အစာကိုမစား၊ ရေကိုမသောက်ဘဲ၊ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားအထံတော်၌နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော်မူ၏။

29. မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေထွန်းပကြောင်းကို မိမိမသိ။

30. အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကိုမြင်သောအခါ၊ သူ၏မျက်နှာအရေထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။

31. မောရှေသည် သူတို့ကိုခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည်နှုတ်ဆက်လေ၏။

32. ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရဘုရားမိန့်တော်မူသမျှတို့ကို သူတို့အားဆင့်ဆိုလေ၏။

33. မောရှေသည် သူတို့အားဟောပြော၍မပြီးမှီ မိမိမျက်နှာကို ဖုံးအုပ်လေ၏။

34. ထာဝရဘုရားရှေ့တော်သို့ ဝင်၍လျှောက်သောအခါ၊ မထွက်မှီတိုင်အောင် မျက်နှာဖုံးကိုချွတ်ထား၏။ တဖန်ထွက်၍အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို၏။

ထွက်​မြောက် 34