ထွက်​မြောက် 33:11-13 Judson Bible (BJB)

11. ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင်၍နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သောလုလင်သည်၊ တဲတော်မှမထွက်ဘဲနေ၏။

12. မောရှေကလည်း၊ ဤလူတို့ကိုပို့ဆောင်လော့ဟု ကိုယ်တော်မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ်မသိရ။ သို့သော်လည်း ကိုယ်တော်က သင့်ကိုသင်၏နာမဖြင့်ငါသိ၏။ သင်သည် ငါ့ရှေ့၌မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ။

13. သို့ဖြစ်၍ အကျွန်ုပ်သည်ရှေ့တော်၌ မျက်နှာရလျှင်၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း၊ ကိုယ်တော်၏လမ်းကိုပြတော်မူပါ။ ဤလူမျိုးသည် ကိုယ်တော်၏လူဖြစ်ကြောင်းကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။

ထွက်​မြောက် 33