ထွက်​မြောက် 32:30-33 Judson Bible (BJB)

30. နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသောအပြစ်ကြီးလှ၏။ ယခုမှာ ထာဝရဘုရားအထံတော်သို့ ငါတက်သွား၍၊ သင်တို့အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အားဆိုပြီးမှ၊

31. ထာဝရဘုရားအထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသော အပြစ်ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကိုလုပ်ပါပြီ။

32. သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင်တော်မူသောစာရင်း၌ အကျွန်ုပ်နာမကိုချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏လျှောက်လျှင်၊

33. ထာဝရဘုရားက၊ အကြင်သူသည်ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ ငါချေမည်။

ထွက်​မြောက် 32