ထွက်​မြောက် 31:17-18 Judson Bible (BJB)

17. ထိုသို့စောင့်လျှင်၊ ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့်မြေကြီးကို၊ ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်အားဖြည့်တော်မူသည်ဟု မောရှေအားမိန့်တော်မူ၏။

18. ထိုသို့ ဘုရားသခင်သည်သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကိုပေးတော်မူ၏။

ထွက်​မြောက် 31