ထွက်​မြောက် 3:9-12 Judson Bible (BJB)

9. ယခုတွင်လည်း ဣသရေလအမျိုးသားတို့ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည်ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။

10. ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်မည်အကြောင်း၊ သင့်ကိုဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။

11. မောရှေကလည်း၊ အကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍၊ ဖာရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အားလျှောက်လျှင်၊

12. ဘုရားသခင်က၊ အကယ်စင်စစ်ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်းလက္ခဏာသက်သေဟူမူကား၊ သင်သည်ထိုလူတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ထွက်​မြောက် 3