6. သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။
7. ထိုအခါ လိမ်းစရာဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းသဖြင့် သူ့ကိုလိမ်းရမည်။
8. သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။
9. ခါးပန်းကိုလည်းစည်း၍၊ ဦးထုပ်ကိုလည်းဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပုရောဟိတ်အရာကိုဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
10. ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။
11. ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ရမည်။
12. အသွေးကိုယူ၍ ယဇ်ပလ္လင်ဦးချိုတို့၌ လက်ညှိုးနှင့်ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။
13. အအူကိုဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
14. နွား၏အသား၊ အရေး၊ ချေးနုကိုကား၊ တပ်ပြင်မှာမီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်၏။