ထွက်​မြောက် 29:30-34 Judson Bible (BJB)

30. အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သောသားသည်၊ သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ဝင်သောအခါ ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။

31. အရာ၌ခန့်ထားရာ သိုး၏အသားကိုယူ၍၊ သန့်ရှင်းရာဌာန၌ပြုတ်ပြီးမှ၊

32. အာရုန်နှင့် သူ၏သားတို့သည်ထိုအသားကို၎င်း၊ တောင်းထဲ၌ ရှိသောမုန့်ကို၎င်း၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ စားရကြမည်။

33. သူတို့ကိုသန့်ရှင်းစေ၍၊ အရာ၌ခန့်ထားစေခြင်းငှါ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သောအရာတို့ကို၊ သူတို့သည် စားရကြမည်။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့်၊ မဆိုင်သောသူမစားရ။

34. အရာ၌ခန့်ထားရာနှင့်ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကိုမီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။

ထွက်​မြောက် 29