ထွက်​မြောက် 29:21-29 Judson Bible (BJB)

21. ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းစရာဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍သားများ၊ အဝတ်များတို့သည် သန့်ရှင်းကြလိမ့်မည်။

22. ထိုသိုးသည် အရာ၌ခန့်ထားရာသိုးဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းေပါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသောဆီဥ၊ လက်ျာပခုံး၊

23. ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက မုန်တလုံး၊ ဆီနှင့်လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊

24. အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရ ဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာပြုရမည်။

25. ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ထာဝရဘုရားရှေ့တော်တွင် မွှေးကြိုင်သောအနံ့ဖြစ်စေခြင်းငှါ၊ ယဇ်ပလ္လင်၌ မီးရှို့ရာယဇ်အပေါ်မှာရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာဖြစ်၏။

26. အာရုန်၏အရာ၌ခန့်ထားရာ သိုး၏ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ရင်ပတ်သည် သင်၏အဘို့ ဖြစ်ရမည်။

27. ထိုသို့ အာရုန်နှင့် သားတို့၏အရာ၌ ခန့်ထားသောသိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲသောရင်ပတ်ကို၎င်း၊ ချီမြှောက်သောပူဇော်သက္ကာပြု၍၊ ချီမြှောက်သောပခုံးကို၎င်း သန့်ရှင်းစေပြီးမှ၊

28. ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏အဘို့၊ သူ့သားတို့၏အဘို့ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက၊ ထာဝရဘုရားရှေ့တော်၌ ချီးမြှောက်၍၊ ချီးမြှောက်ရာပူဇော်သက္ကာဖြစ်၏။

29. အာရုန်၏ သန့်ရှင်းသောအဝတ်တန်ဆာကို၊ သူ၏သားတို့သည်အမွေခံသဖြင့်၊ ဆီလိမ်းခြင်းမင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ခန့်ထားသောအခါ၊

ထွက်​မြောက် 29