ထွက်​မြောက် 29:14-27 Judson Bible (BJB)

14. နွား၏အသား၊ အရေး၊ ချေးနုကိုကား၊ တပ်ပြင်မှာမီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်၏။

15. သိုးထီးတကောင်ကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ရမည်။

16. ထိုသိုးကိုသတ်ပြီးလျှင် အသွေးကိုယူ၍ ယဇ်ပလ္လင်အပေါ်နားပတ်လည်၌ ဖြန်းရမည်။

17. သိုးကိုလည်းအပိုင်းပိုင်းဖြတ်၍ ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကို ဆေးကြောပြီးလျှင်၊ ခေါင်းနှင့် သားတစ်များကိုစုထား၍၊

18. သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအား မီးရှို့သောယဇ်ဖြစ်၏။ ထာဝရဘုရားအားမီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်၏။

19. အခြားသောသိုးကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ရမည်။

20. ထိုသိုးကိုသတ်ပြီးလျင် အသွေးကိုယူ၍ အာရုန်၏လက်ျာနားပျဉ်း၌၎င်း၊ သူ၏သားတို့၏လက်ျာနားပျဉ်း၌၎င်း။ သူတို့၏လက်ျာလက်မ၌၎င်း၊ လက်ျာခြေမ၌၎င်း ထည့်၍၊ ယဇ်ပလ္လင်အပေါ်ပတ်လည်၌ဖြန်းရမည်။

21. ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းစရာဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍သားများ၊ အဝတ်များတို့သည် သန့်ရှင်းကြလိမ့်မည်။

22. ထိုသိုးသည် အရာ၌ခန့်ထားရာသိုးဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းေပါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသောဆီဥ၊ လက်ျာပခုံး၊

23. ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက မုန်တလုံး၊ ဆီနှင့်လုပ်သော မုန့်ပြားတပြား၊ မုန့်ကြွပ်တချပ်ကိုယူ၍၊

24. အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရ ဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာပြုရမည်။

25. ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ထာဝရဘုရားရှေ့တော်တွင် မွှေးကြိုင်သောအနံ့ဖြစ်စေခြင်းငှါ၊ ယဇ်ပလ္လင်၌ မီးရှို့ရာယဇ်အပေါ်မှာရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာဖြစ်၏။

26. အာရုန်၏အရာ၌ခန့်ထားရာ သိုး၏ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သက္ကာပြုပြီးမှ၊ သိုး၏ရင်ပတ်သည် သင်၏အဘို့ ဖြစ်ရမည်။

27. ထိုသို့ အာရုန်နှင့် သားတို့၏အရာ၌ ခန့်ထားသောသိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲသောရင်ပတ်ကို၎င်း၊ ချီမြှောက်သောပူဇော်သက္ကာပြု၍၊ ချီမြှောက်သောပခုံးကို၎င်း သန့်ရှင်းစေပြီးမှ၊

ထွက်​မြောက် 29