36. ရွှေစင်သင်းကျစ်ကိုလည်းလုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်းခြင်းဟု အက္ခရာတင်၍၊
37. ပြာသောကြိုးနှင့် ဗောင်းရှေ့၌ချည်ထားရမည်။
38. အာရုန်သည် ထိုသင်းကျပ်ကိုနဖူး၌ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအလှူဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏စိတ်တော်နှင့် တွေ့ခြင်းငှါ၊ အာရုန်၏နဖူး၌ အစဉ်ဆင်ရမည်။
39. ပိတ်ချောအင်္ကျီကိုလည်းလုပ်၍ ချယ်လှယ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သောအလုပ်နှင့် ပြီးစေရမည်။