7. တဲတော်ဖုံးအုပ်ဘို့ အခြားသောကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။
8. ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။
9. ကုလားကာငါးထည်တစပ်၊ ခြောက်ထည် တစပ်တည်းချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။