ထွက်​မြောက် 26:16-22 Judson Bible (BJB)

16. ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိရမည်။

17. ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။

18. တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကိုလုပ်ရမည်။

19. ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ်လေးဆယ်ကို လုပ်ရမည်။

20. ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြားနှစ်ဆယ်ရှိရမည်။

21. ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။

22. တဲတော်အနောက်ဘက်၌ ကာရန်ပျဉ်ပြားခြောက်ပြားကို၎င်း၊

ထွက်​မြောက် 26