ထွက်​မြောက် 25:13-20 Judson Bible (BJB)

13. အကာရှသားထမ်းဘိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊

14. သေတ္တာထမ်းစရာဘို့တဘက်တချက် ရွှေကွင်းထဲသို့လျှိုထားရမည်။

15. ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲကမနှုတ် အစဉ်ရှိစေရမည်။

16. ငါပေးသောသက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာထားရမည်။

17. အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။

18. ရွှေခေရုဗိမ်နှစ်ပါးကိုလည်းသေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။

19. ထိုခေရုဗိမ်နှစ်ပါးကိုသေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီလုပ်ပြီးလျှင်၊

20. ခေရုဗိမ်နှစ်ပါးတို့သည်မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးရမည်။

ထွက်​မြောက် 25