ထွက်​မြောက် 25:1-13 Judson Bible (BJB)

1. ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊

2. ငါ့အား လက်ဆောင်ပဏ္ဏာကိုဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ်နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကိုခံရမည်။

3. ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

4. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။

5. အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။

6. လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊

7. ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကိုခံရမည်။

8. ငါသည် သင်တို့တွင်ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။

9. ငါပြသမျှသောတဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။

10. အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာရှိသော သေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့်မွမ်းမံရမည်။

11. သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်ရမည်။

12. ရွှေလေးကွင်းကိုသွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီ တပ်ရမည်။

13. အကာရှသားထမ်းဘိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊

ထွက်​မြောက် 25