ထွက်​မြောက် 23:1-3 Judson Bible (BJB)

1. သင်သည် မှားသောသိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကို မခံရ။

2. လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါမပြောရ။

3. ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။

ထွက်​မြောက် 23