28. ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။
29. အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသောသားယောက်ျားကိုလည်း ငါ့အားဆက်ကပ်ရမည်။
30. ထိုနည်းတူ သိုးနွားတို့ကိုပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူနေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အားဆက်ကပ်ရမည်။
31. သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အား ပစ်ပေးရမည်။