ထွက်​မြောက် 22:18-25 Judson Bible (BJB)

18. စုန်းမကိုအသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။

19. တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

20. ထာဝရဘုရားမှတပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။

21. တပြည်တနိုင်ငံသားဖြစ်သောဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်ကြဘူးပြီ။

22. မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကိုသင်တို့သည် မနှောင့်ရှက်ရ။

23. နှောင့်ရှက်ခြင်းတစုံတခုကိုပြု၍ သူတို့သည် ငါ့အားအနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကိုအမှန်ကြား၍၊

24. ငါအမျက်ပြင်းစွာထွက်လျက် သင်တို့ကို ထားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်းမုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။

25. ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။

ထွက်​မြောက် 22