ထွက်​မြောက် 21:31-34 Judson Bible (BJB)

31. သူတပါး၏သားသမီးကိုခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။

32. ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။

33. လူသည် တွင်းကိုဖွင့်၍ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊

34. တွင်းရှင်သည် မြင်း၊ နွားအဘိုးကိုလျော်၍ အသေကောင်ကိုယူရမည်။

ထွက်​မြောက် 21